Thursday, 27 April 2017

PA CONG KHAM THU (Burmese)

ငေါန် ချင်း လူမျိုးနွယ်ထဲမှ ပထမဆုံးခရစ်ယာန်ဖြစ်လာသူ

ဦးကြောင်ခမ်း (့U Cong Kham) ချင်းလူမျိုး၊ ငေါန်လူမျိုးနွယ်ထဲမှ ပထမဆုံးခရစ်ယာန်ဖြစ်လာသူ
ညှင်းပန်းနှိုပ်စက်ခြင်းခံရသော်လည်း ယုံကြည်ခြင်းခိုင်မြဲသော ခရစ်တော်၏ သူရဲကောင်း
Dr.East နှင့် ဦးကြောင်ခမ်း
ချင်းလူမျိုးများထံသို့ ပထမဆုံးသာသနာပြုဆရာကြီးဖြစ်သော Arthur E. Carson ဘုန်းတော်ဝင်စားပြီးနောက် အမေရိကန်နှစ်ချင်းသာသနာပြုအဖွဲ့ (American Baptist Mission) မှဆေးဆရာဝန် Dr.East ကိုစေလွှတ်ရာ သူသည်ဟားခါးမြို့သို့ ၁၉၀၂ခုနှစ်၊ မတ်လ (၂၁)ရက်နေ့တွင် ရောက်ရှိခဲ့သည်။ သူ၏ဇနီးသည်နှင့် အတူ ချင်းလူမျိုးများထံသို့ ဧ၀ံဂေလိဝေငှခြင်းနှင့် ဆေးဝါးကုသပေြး
ခင်းဖြင့် သာသနာပြုခြင်း၌ အောင်မြင်သောသူဖြစ်သည်။ ဖလမ်းချင်းလူမျိုးများထဲတွင် ပထမဦးဆုံး ခရစ်ယာန်ဖြစ်လာသူမှာ၊ လုံဘန်းရွာမှ ဇန်နီယတ်(Zaniat)မျိုးနွယ် ဦးထန်းကျင်ဖြစ်သည်။ Dr.East က ဦးထန်းတျင်ကို ၁၉၀၆ခုနှစ်၊ စက်တင်ဘာလ(၅) ရက်နေ့တွင် ရေနှစ်ခြင်းမင်္ဂလာပေးခဲ့သည်။ ၁၉၀၇ခုနှစ်တွင် Dr.East နှင့် ဦးထန်းကျင်တို့သည် ဘွာလ်ခွါးရွာနှင့် ဗားဇန် (Vanzang )ရွာသို့ ခရီးပြုခဲ့ကြရာ၊ ဘွားလ်ခွါးရွာတွင် ညအိပ်ရပ်နားခဲ့ကြသည်။ နောက်တနေ့တွင် သူတို့တည်းခိုသည့်အိမ်တွင် Dr.East ကဓာတ်ပြား (Grammar Phone) ဖြင့်သီချင်းဖွင့်ပေးသဖြင့် လူများစွာ လာရောက်နားထောင်ကြရာ၊ ဦးကြောင်ခမ်းလည်းပါဝင်ခဲ့သည်။ ထို့နောက် Dr.East သည် လာရောက်သောသူတို့အား အနန္နတန်းခိုးရှင် ဘုရားသခင်၏ဧ၀ံဂေလိတရားကိုဝေငှခဲ့သည်။ ထိုတရားကို ဦးကြောင်ခမ်းသည်
ဝမ်းမြောက်သောစိတ်နှင့် လက်ခံယုံကြည်ပြီး၊ သူနှင့် သူ၏သည် ဒေါ်ဆဲင်ထီယမ်း (Seng Thiam)တို့သည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ရန်နာမည်စာရင်းပေးခဲ့ကြသည်။ ထို့ကြောင့် Dr.East နှင့်ဦးထန်ကျင်းတို့သည် ၀မ်းမြောက်စွာဖြင့် ဟားခါးမြို့သို့ပြန်လည်သွားခဲ့ကြသည်။

စုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်ခြင်း
ဦးကြောင်ခမ်းသည် အဖဦးဖေါင်းထန်း၏သားဖြစ်ပြီး ၁၈၇၅ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့တွင်မွေးဖွားခဲ့သည်။ ထိုအချိန်က ဘွာလ်ခွါးရွာရှိ ရွာသူရွာသားများသည် နတ်ကိုးကွယ်ကြရာ၊ ဦးကြောင်ခမ်းသည် တစ်ရွာလုံး၏နတ်ဆရာဖြစ်သည်။ သူတို့သည် ဘိုးဘေး တို့မှစ၍ နတ်ဆရာအမျိုးဖြစ်ရာ၊ ယောင်္ကျား မှန်သမျှ အသက် (၁၂)နှစ်အရွယ်တွင် သေဆုံးလေ့ရှိတတ်သည်။ ထို့ကြောင့် သူတို့လူမျိုးသည် တိုးပွားခြင်းမရှိနိုင်ချေ။ ဦးကြောင်ခမ်းတို့ ဇနီးမောင်နှံ ခရစ်ယာန်ဖြစ်လာသောအခါ တစ်ရွာလုံးက အံ့အားသင့်ကြသည်။ တစ်ဖက်တွင်မူ ရွာလုံးကျွတ် နတ်ကိုးကွယ်ပူဇော်ပသသည့်အခါ နတ်ဆရာမရှိတော့သဖြင့် အလွန်ကြောက်ရွံ့ကြပါတော့သည်။ နတ်များက သူတို့ရွာကိုနှိပ်စက်တော့ မည်ဟုလည်း အလွန်စိုးရိမ်မိကြသည်။ သို့ဖြစ်၍ တစ်ရွာလုံးက ဦးကြောင်ခမ်းတို့အပေါ် အလွန်ဒေါသထွက်ကြပြီး နည်းမျိုးစုံအသုံး ပြု၍ ဖြားယောင်းသွေးဆောင်ကြသည်။ အနုနည်းဖြင့်တစ်မျိုး၊ ခြိမ်းခြောက်ခြင်းဖြင့်တစ်ဖုံ ရွာရှိလူကြီးများက စည်းရုံးကြ သော်လည်း လုံးဝမရတော့ပေ။

အကြမ်းနည်းဖြင့် ခြိမ်းခြောက်ခြင်း
ရပ်ရွာရှိလူကြီးများသည် ဦးကြောင်ခမ်းနှင့်ဇနီးကို သုံးကြိမ်တိတိ ဖြားယောင်းမှုမျိုးစုံဖြင့် ပြန်လည်သွေးဆောင်သော်လည်း မရတော့သည့် အခါ၊ သူတို့အိမ်၌ရှိသော ၀က်၊ ပြောင်းဖူး နှင့်ဆပ်ဆန်များစသည်တို့ကို သိမ်းမည်ဟု ခြိမ်းခြောက်ပြန်၏။ ဦးကြောင်ခမ်းကလည်း၊- "ခင်ဗျားတို့..လိုချင်သလိုသိမ်းပါ၊ လုပ်ချင် သလို လုပ်ကြ ပါ" ဟုပြန်ဖြေလိုက်ပါသည်။ ရွာလူကြီးများက စကားဖြင့်ခြိမ်းခြောက်မှု မအောင် မြင်သောအခါ၊ လုံဘန်းရွာ၏ရွာသူကြီးထံတိုင်ကြသည်။ လုံဘန်းရွာသူကြီးရှေ့ရောက်သောအခါ၊ သူကြီးက ဦးကြောင်ခမ်းအား ဤကိစ္စ ကြောင့် ပြသာနာမဖြစ်ချင်ဘူး၊ အင်္ဂလိပ်အစိုးရထံလည်း မရောက်စေချင်ဘူး။ ဒါပေမယ့်၊ ခင်ဗျားဟာ နိုင်ငံခြားဘုရားကိုဆက်ပြီး ကိုးကွယ် မယ်ဆိုရင် ခင်ဗျားရဲ့ရွာမှာ ကပ်ဆိုးကြီးဆိုက်ရောက်လာလိမ့်မယ်။ ဒါကြောင့် နိုင်ငံခြားဘုရားကိုးကွယ်ခြင်းကို ရပ်တန်းကရပ် လိုက်ရင်.. ကျုပ်က ခင်ဗျားကို အိန္ဒိယငွေ ရူပီးသုံးဆယ် (အမေရိကန်ဒေါ်လာ-၁၀)ပေးမယ် ဟုပြောပါသည်။ သို့သော် ဦးကြောင်ခမ်းက “ခင်ဗျားတို့ မသိကြပါဘူး။ ခရစ်ယာန်ဘာသာဟာ မှန်ကန်တယ်လို့ ကျုပ်ယုံကြည်တယ်။ ကျုပ်ဟာ ခရစ်ယာန်တစ်ယောက်ဖြစ်တယ်။ ဆက်လက်ပြီးလည်း ဖြစ်သွားမှာပါ” ဟုဖြေခဲ့ပါသည်။ ထိုအခါရွာသူကြီးက ဆက်လက်၍ သူ့ကို ယခင်ထက်များသော ငွေကြေးပမာဏပေးရန် ဖြားယောင်းသွေးဆောင်သော်လည်း လုံးဝအရာမရောက်ကြောင်း သိမြင်သောအခါ၊ အလွန်ဒေါသထွက်၍၊ ]ဒီနေ့၊ ခင်ဗျားနဲ့စကားပြောတဲ့နေရာမှာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးစကားပြောတာလောက် ကျုပ်တစ်သက်လုံးမှာ နှိမ့်ချခံပြီးမှ အရှက်ကွဲခြင်းမျိုးမခံရဖူးသေးဘူး။ ခင်ဗျားရဲ့ နိုင်ငံခြားဘုရားကိုးကွယ်ခြင်းကို ရပ်တန်းကရပ်လိုက်ပါ။ ကျုပ်ပေးတဲ့ ငွေတွေ ကိုလည်း ယူလိုက်ပါ။ အဲဒီလိုမဟုတ်ရင် အပြင်းထန်ဆုံး ရိုက်နှက်ခြင်းကိုခံရလိမ့်မယ်}ဟုပြောပါသည်။ ထိုအခါ ဦးကြောင်ခမ်းကလည်း၊ ရိုက်နှက်ခြင်းကို ပိုပြီးခံယူချင်ပါတယ်} ဟုပြန်ဖြေလိုက်သည်။ ထို့နောက် ရွာသူကြီးက”ခင်ဗျားရဲ့စောင်ကို ချွတ်လိုက်” ဟု အမိန့်ပေး လိုက်သည်။ ဦးကြောင်ခမ်းကလည်း ချက်ချင်းပင် သူ၏စောင်ကို လွှင့်ပစ်လိုက်သည်။ "ခါးကုန်းပြီး လက်နှက်ဖက်နဲ့ဒူးခေါင်းကို ကိုင်လိုက်" ဟုထပ်၍အမိန့်ပေးသောအခါ၊ သူသည်လည်း ခါးကုန်း၍ဒူးခေါင်းကို သူ့လက်နှင့် ကိုင်လိုက်သည်။

ထိုအခါရွာသူကြီးသည် ၀ါးလုံးကိုင်ထားသော လူမိုက်သုံးယေက်ကိုခေါ်ပြီး၊ ဦးကြောင်ခမ်းကို တစ်ယောက်လျှင်(၁၅)ကြိမ်စီ ပြင်းထန်စွာ ရိုက်နှက်ရန် အမိန့်ပေးလိုက်သည်။ ပထမလူက မိုက်မဲပြင်းထန်စွာ ရိုက်နှက်ပြီး၊ ဒုတိယလူက ရိုက်နှက်ရန်ပြင်ဆင်နေသည့်အချိန်တွင် ဦးကြောင်ခမ်းလဲကျသွားသည်။ သူသည် လက်အုပ် ချပြီး “ကျုပ်ကို ခဏလေးစောင့်ပေးကြပါ” ဟု ကောင်းကင်ဘက်သို့ မော့ကြည့်၍ ဆုတောင်းသည်။ သူ့အပေါ်၌ပြုသော ညှင်းပန်းနှိပ်စက်ခြင်းအတွက် ခံနိုင်ရည်ရှိရန် ခွန်အားတောင်းလျှောက်ပြီးမှ (သမ္မ္မာကျမ်းထဲမှ သတေဖန် ဆုတောင်းသည့်အတိုင်း) “အိုအဖ၊ သူတို့သည် ဘာမျှမသိကြပါ။ ဘာမျှမသိကြပါ။ သူတို့အပေါ်မှာ အပြစ်မတင်ပါနဲ့” ဟု ထပ်၍ ဆုတောင်းပါသည်။ ထို့နောက်၊ ယခင်ပုံစံအတိုင်း ခါးကုန်း၍လက်နှစ်ဖက်ဖြင့် ဒူးကိုကိုင်ပြီးမှ၊- “အခု၊ကျုပ်အဆင်သင့်ဖြစ်ပါပြီ။ ကျုပ်ကိုရိုက်ကြပါ။ ရိုက်မယ့်သူတွေ ကျန်ပါသေးတယ်” ဟုပြောပါသည်။ ထိုအခါ ရွာသူကြီးသည် အလွန်ပင် အံ့အားသင့်သွားသဖြင့် တိတ်ဆိတ်စွာ ရှောင်တိမ်းသွားရာ၊ မည်သူကမျှ ဦးကြောင်ခမ်းကို ရိုက်နှက်ရန် သတ္တိမရှိကြတော့ပေ။ ထိုအခါ ဦးထန်းကျင်က ဦးကြောင်ခမ်းကိုထူမပြီး၊ ၏အိမ်သို့ခေါ်သွားကာ ဒဏ်ရာများ၊ သွေးများကို ဆေးကြောကုသပေးပါသည်။ ဦးကြောင်ခမ်းသည် ငါးရက် လုံးလုံး လမ်းလျှောက်မသွားနိုင်ခဲ့ပေ။ သက်သာလာသောအခါ၊ သူ့အိမ်သို့ပြန်လာပြီး ငြိမ်ဝပ်စွာ သူ၏ အလုပ်ကိုလုပ်ပြီးမှ ဖြစ်လာမည်ဲ့ အမှုကိစ္စများကို အေးအေးဆေးဆေး စောင့်ဆိုင်းရန် စဉ်းစားနေခဲ့သည်။

ပစ္စည်းဥစ္ဖာထက် ခွင့်လွှတ်ခြင်းက ပိုအရေးကြီးသည်။
ဦးကြောင်းခမ်းသည် ‘ဒါဏ်ရာမှသက်သာလာပြီး သူ၏ရွာသို့ပြန်မလာမီ လုံဘမ်းကျေးရွာရှိ ဦးထန်းကျင်က ခင်ဗျားကို ကျုပ်ဖလမ်းရွာကိုခေါ်ပြီး ရွာသူကြီးသိမ်းထားတဲ့ ပစ္ဖည်းတွေကို ပြန်ရနိုင်ဖို့ ၀န်ထောက်ထံကိုတောင်းပေးမည်၊ ကျုပ်လည်း ရွာလူကြီးတွေသိမ်းထားခဲ့တဲ့ ပစ္ဖည်းတွေကို ၀န်ထောက်ထံကို တိုင်ကြားတဲ့အခါ ပစ္ဖည်းတွေအားလုံးကို ပြန်ရတယ်ဟု ပြောခဲ့သည်။သို့သော် ဦးကြောင်းခမ်းက ကျုပ်ပစ္ဖည်းတွေကို အကြီးဆုံးမှ အသေးဆုံးထိ ပြန်မလိုချင်တော့ပါဘူး။ အကယ်၍ပြန်ရခဲ့ရင်တောင် ဧ၀ံဂေလိတရား ဟောပြောရဲတော့မှာမဟုတ်ဘူး။ ပစ္ဖည်းတွေပြန်ရတာထက် သူတို့တွေက ဘုရားသခင်ကို ယုံကြည်သူတွေဖြစ်ဖို့ ပိုအရေးကြီးတယ်။ ကျုပ်ပစ္ဖည်းပြန်ရခဲ့ရင် ဘယ်သူမှ ကျုပ်စကားနားထောင်တော့မှာမဟုတ်ဘူးဟု ပြန်ဆိုပါသည်။ ဥိးထန်းကျင်ကလည်း ခင်ဗျား ဒီလိုခွင့်လွှတ်နိုင်ရင်တော့ အကောင်ဆုံးပေါ့ဗျာ။ ပစ္စည်းဥစ္ဖာထက် ခွင့်လွှတ်ခြင်းက ပိုအရေးကြီးပါတယ်ဟု အားပေးခဲ့သည်။ တစ်မနက် ဦးကြောင်ခမ်းသည် သူ၏တောင်ယာသို့သွားရာ သူ့ထံသို့လူတစ်ချို့လာကြသည်။ ထိုသူများမှ တစ်ယောက်က ခင်ဗျား ဒီမှာဘာလာလုပ်တာလဲ။ နိုင်ငံခြားဘာသာကို ကိုးကွယ်တာမရပ်ရင် ဒီတောင်ယာကိုလဲ ခင်ဗျားမပိုင်တော့ဘူးဟူဆိုရာ ဦးကြောင်းခမ်းကလဲ ဒီတောင်ယာကျွန်တော်မပိုင်တော့ဘူးဟုဆိုကာ သူထမ်းနိုင်သလောက်ထင်းခွေပြီး သူ့အိမ်ပြန်သွားလေသည်။ အိမ်အရောက်၊ ထင်းကို မြေကြီးသို့အချတွင် လူတစ်ချို့လာပြန်ကြ၍ ခင်ဗျား ဒီမှာထင်းချပိုင်ခွင့်မရှိတော့ဘူး။ ရွာသူကြီးက အခြားလူတစ်ယောက်ကိုပေးလိုက်ပြီ။ ဒီအိမ်ကလဲ ခင်ဗျားမပိုင်တော့ဘူး။ ခင်ဗျားမိမ်းမကိုလည်း ရွာသူကြီးက သူ့ကျွန်အဖြစ် သိမ်းလိုက်ပြီ။ ခင်ဗျားလဲ နိုင်ငံခြားဘာသာ ကိုးကွယ်တာ မရင်ရင် သူ့ကျွန်ဖြစ်ရလိမ့်မည်ဟုဆိုပြန်သည်။ ထိုအခါ ဦးကြောင်းခမ်းက ဒါဆိုရင် ကျုပ်လဲ သူ့ကျွန်ဖြစ်ရမှာပေါ့ဟုဆိုကာ ရွာသူကြီး၏ အိမ်တွင်လပေါင်းများစွာနေခဲ့လေသည်။ ဦကြောင်းခမ်းသည် အလွန်သစ္ဖာရှိသူဖြစ်သောကြောင့် ရွာသူကြီးအလွန်အားကိုးရလေသည်။

ရေနှစ်ခြင်းမင်္ဂလာခံယူခြင်း
ဟားခါးမြို့တွင် သာသနာနှစ်ပတ်လည် အစည်းအဝေးနီးကပ်လာသောအခါ ဦးကြောင်းခမ်းက ရွာသူကြီးအား ကျွန်တော် အလုပ်ကို ကောင်းမွန်စွာလုပ်ခဲ့ပါတယ်။ တစ်ရက်မှတောင် မနားခဲ့ပါဘူး။ ယခု ခရစ်ယာန်များ ဟားခါးမှာ အစည်းအဝေးရှိတဲ့အတွက် ကျွန်တော်လဲ အရမ်းသွားချင်ပါတယ်။ ကျွန်တော့်ကို ခွင့်ပြုပါ ဟု ခွင့်တောင်းရာ ရွာသူကြီးက ချက်ချင်းခွင့်ပြုလိုက်သည်။ ထိုအစည်းအဝေးတွင် ရေနှစ်ခြင်းမင်္ဂလာခံမည့်သူနှင့် အသင်ူဝင်မယ့်သူစာရင်းတွင် ဦးကြေင်းခမ်းနာမည်ပါလာသည်။ ထိုအစည်းအဝေးတွင် ဦးထန်းကျင်က ဦးကြောင်းခမ်းအား ကောင်းစွာထောက်ခံပေးကာ ခရစ်တော်ကြောင့် တောင်ယာ၊ အိမ်၊ မယားနှင့် လွတ်လပ်မှုများ ဆုံးရှုံးခဲ့ရသူသည် ရေနှစ်ခြင်းမင်္ဂလာခံယူ၍ ခရစ်ယာန်နာမည်စာရင်းတွင် လက်ခံသင့်ကြောင်း ပြောဆိုပါသည်။ ထိုသို့ ဦးကြောင်းခမ်းသည် ဆရာကြီးအာသာကာဆင်၏ လက်ဖြင့် ၁၉၀၇ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ရေနှစ်ခြင်းမင်္ဂလာခံခဲ့သည်။ ထို့နောက် သာသနာပြုဆရာများက အစိုးရထံတွင် သူ၏အကြောင်းကို တိုင်ကြားပြီး သူ့ကိုရိုက်နှိပ်ရန် အမိန့်ပေးသောသူအား လျော်ကြေးပေးစေလျက်၊ သူပိုင်ဆိုင်သမျှအားလုံး၊ လွတ်လပ်မှုနှင့် သူ့မယားဒေါ်ဆဲင်တီယမ်းကိုလဲ ပြန်ပေးအပ်လေသည်။ ထို့ပြင် သိကတော်ရဆရာမောင်ကွန်းက ၁၉၀၇ခုနှစ်၊ အောက်တိုဘာလ(၆)ရက်နေ့တွင် ဦးထွန်မန်းနှင့်အတူ ဒေါ်ဆဲင်ထီယမ်းကို ဘွာလ်ခွါးရွာ၌ ရေနှစ်ခြင်းမင်္ဂလာပေးခဲ့သည်။ ဦးကြောင်းခမ်း၏သား ဦးနွမ်တီယမ်း (ကြညွှငော)သည် ၁၉၄၇-၄၉ထိ ဟားခါးမြို့တွင် ကျမ်းစာကျောင်းတက်ပြီး ရွာ၌ပင် သင်းအုပ်ဆရာလုပ်ခဲ့သည်။

ယုံကြည်သူ တိုးပွားလာခြင်း။
ဘွာလ်ခွားရွာတွင် ၁၉၀၇ခုနှစ်မှ ၁၉၁၃ခုနှစ်ထိ ခြောက်နှစ်အတွင်း ဦးကြောင်းခမ်းတို့လင်မယားနှစ်ဦးတည်းသာ ယုံကြည်သူဖြစ်ခဲ့သည်။ နတ်ဆရာမလုပ်ချင်ဘဲ ထာဝရဘုရားကို ယုံကြည်ကိုးကွယ်သောကြောင့် အိမ်မရှိ၊ ယာမရှိ၊ နတ်ဆိုးများကြီးစိုးသော နေရာတွင် နေရာချပေးကြသည်။ သို့သော် ဦးကြောင်းခမ်းတို့လင်မယားသည် နတ်တို့ကို မကြောင်ဘဲ အနီးနားရှိ မြေကွက်များကို ထပ်မံဝယ်ယူပြီး ပြောင်းဖူး၊ ဖရုံသီး၊ ပိန်းဥ စသည်များကို စိုက်ပျိုးရာ အထူးအောင်မြင်ခဲ့သည်။ ထိုကာလတွင် ငတ်မွတ်ခေါင်းပါးသည့် ကပ်ဘေးဆိုက်သဖြင့် မည်သူမျှစားစရာမရှိသောအချိန်တွင် ဦးကြောင်းခမ်းတို့၏ သီးနှံကြွယ်ဝစွာရှိသဖြင့် မြောက်များစွာသော ရွာသူရွာသားများအား ထောက်ပံ့ကျွေးမွေးနိုင်ခဲ့သည်။ ဦးကြောင်းခမ်းသည်လည်း ဧ၀ံဂေလိတရားကို မရပ်မနားဟောသဖြင့် ယုံကြည်သူဦးရေ တဖြည်းဖြည်းတိုးပွားလာသည်။ ၁၉၃၁တွင် သိကတော်ရဆရာ ဦးထန်းကျင်သည် ဘွယ်ခွားရွာမှ ယုံကြည်သူ ၆၄ဦးကို တရက်တည်းရေနှစ်ခြင်းမင်္ဂလာပေးခဲ့သည်။ ထိုအချိန်တွင် ဦးကြောင်းခမ်းသည် ၀မ်ူသာလွန်းလို့ မျက်ရည်ကျကာ ၀မ်းမြောက်ငိုကြွေးခဲ့ရသည်။

ယုံကြည်သူခရစ်ယာန်များသည် ဓမသီချင်းဆိုစရာမရီသဖြင့် ဦးကြောင်းခမ်းသည် ဇိုင်ဇောလ်ရွာ(ဘွလ်ခွါးရွာအရှေ့ဘက်နှစ်မိုင်) မှ ပထမဆုံးခရစ်ယာန်ဖြစ်လာသူ ဦးမန်းအဲင်းထံသွား၍ (သာယာသောနေ့ နောင်ကာလ) ဟူသောမြန်မာသီချင်းံပှာာသညါ ကို သင်ယူကာ သီချင်းသင်ပေးသော ဦးမန်းအဲင်းအား ဆန်တစ်ခွဲ လက်ဆောင်ပေးခဲ့သည်။ အခြားသီချင်းမဆိုတတ်သဖြင့် ထိုသီချင်းကို အစည်းအဝေး စ လယ် ဆုံးထိ နှစ်လချီအောင်ဆိုခဲ့ကြရသည်။ ယုံကြည်သူများ တူပွားလာသည်နှင့်အမျှ ဦးကြောင်းခမ်း၏တောင်းဆိုမှုကြောင့် ဆရာဦးထန်းကျင်၏သား ဦးဖိုးကြီးက ဘွလ်ခွါးရွာတွင် ချင်းစာ သင်ပေးသဖြင့် စာဖတ်တ်သူ၊ စာရေးတတ်သူရှိလာသည်။ သို့သော် အသင်းတော်တွင် စာမတတ်သူ တရားမဟောရ ဟူသော ကြေညာချက်ထုတ်ပြန်သဖြင့် စာမတတ်သူ ဦးကြောင်းခမ်းသည် ၀မ်းနဲစွာငိုကြွေးဂရပြန်သည်။

ဘုန်းတော်ဝင်စားခြင်း
၁၉၃၅ခု၊ ဧပြီလတွင် ကလေးမြို့နယ်၊ ဆည်တောရွာ (ဗညါအနညါ)၌ နှစ်ပတ်လည် အစည်းအဝေးကျင်းပရာ ဦးကြောင်းခမ်းလည်း လိုက်ပါလာသည်။ အပြန်ခရီးတွင် အစာအိမ်ရောဂါခံစားရပြီး၊ ရွာရောက်သောအခါအသည်းအသန်ဖြစ်ရသည်။ ဧပြီလ ၂၁ရက်နေ့တွင် သူ၏သမီး ဒေါ်မန်းဆန်က အဖေ၊ အဖေ ဟုခေါ်ရာ ဖြေးညင်းစွာထူးပြီး သာယာတဲ့သီချင်းဆိုသံတွေ အဖေကြားရတယ်၊ သမီးခေါ်လို့ ခုပြန်လာတာ ဟုပြန်ပြောပါသည်။ ထိုည ၁၀နာရီတွင် သင်းထောက်လူကြီး ဦးမန်းထူလ်လာရောက်ကာ ဆုတောင်းပေးနေစဉ်တွင် အိမ်တွင်းတစ်ခုလုံး အလင်းထွန်းတောက်လာပြီး ကောင်းကင်မှ သီချင်းဆိုသံကိုလဲ ကြားခဲ့ကြရသည်။ ဆုတောင်းအပြီး အာမင် ခေါ်သည့်အခါတွင် ဦးကြောင်းခမ်းသည် သူချစ်သူ အဖဘုရားသခင်ထံသို့ ဘုန်းတော်ဝင်စားသွားသည်။ ကောင်းကင်တမ်များက သူ့အားသီချင်းဆိုလျက် ကြိုဆိုကြကြောင်း ထင်ရှားလှပါသည်။ သူ၏ဇနီးသည်လည်း ခင်ပွန်းသည် ဘုန်းတော်ဝင်စားပြီးနောက် ၄၃နှစ်တိုင်တိုင် အသက်ရှင်ခဲ့ပြီး အသက် ၉၃ပြည့် ၁၉၇၈ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့ နံနက် ၉း၁၅တွင် ဘုန်းတော်ဝင်စားသွားသည်။ သားနှစ်ယောက်၊ စမီးနှစ်ထောက်ရှိခဲပြီး သား Rev. Nun Tiam နှင့် Rev. Lian Mung (Rev. Nun Tiam ၏သား) တို့သည်လည်း ဘုရားသခင်၏ အမှုတော်ဆောင်များဖြစ်ကြသည်။

သိက္ခာတော်ရ ဦးဆန်ကျုံးနုံး

မှီငြိမ်းစာအုပ်များ။

1)San Cung Nung, Rev.(ed) “Ngawn Christian Centenary” (1907-2007), “Pa Cong Kham Centenial Jubille “ Thuan thu .
2) Carson Laura H. Pioneer Trials ,
Trials and Triumphs: Personal Memorial of Life and work as a Pioneer Missionary among Chin Tribes of Burma,
New York Baptist Board of Education 1927.

3) Johnson, Robert G. “Tsong Kham, The First Ngawn Convert, 1907,In History of the America Baptist Chin Mission:
A History of the Introduction of Christianity into the Chin Hills of Burma by Missionaries of the American Baptist Forein Mission Society During the Years 1899 to 1966,
Vol (1), Valley Forge, Pennsy Ivannia 1988.

*သတင်းကောင်းတမန် မဂ္ဂဇင်း အတွဲ- (2)၊ အမှတ် (2)၊ မတ်လ-ဧပြီင်္လ၊ 2011 ခုနှစ် မှ
ထုတ်ဝေသော"မြန်မာ့သမိုင်းထဲက အမှုတော်ဆောင်" ကို ခွင့်ပြုချက်တောင်းပြီး ကိုယ်တိုင်ပြန်ရိုက်ကာ ပြန်လည် ဖော်ပြပါသည်။

*ကျေးဇူးပြုပြီး ဒီဆောင်းပါးကို မိမိ Blog၊ Website ထဲကို ပြန်လည်ဖော်ပြပါက မူရင်း Website ကို Source Link ပြန်ပြပေးပါ။





No comments:

Post a Comment